Showing posts with labelး). Show all posts
Showing posts with labelး). Show all posts

ယောက္ခမနဲ့ချွေးမ

အဲ.. ယောက္ခမနဲ့ချွေးမဆိုလို့ တစ်ခြားသွားမတွေးနဲ့နော်။အဘိုးနဲ့ သူ့ချွေးမ(နယ်သူ့အဒေါ်) ကိုပြောတာ။
သူတို့နှစ်ယောက်က အိမ်မှာဆို သိပ်ရယ်ရတာ..။အဘိုးက သားသမီး သုံးယောက်မွေးထားတယ်လေ...။
ဦးလေးကြီး၊ဦးလေးငယ်နဲ့ နယ်သူ့အမေပေါ့..။ အဲထဲမှာ ဦးလေးကြီးကလည်း အိမ်ထောင်နဲ့။ဒါပေမယ့်..
သားသမီးတော့ မရှိဘူး။ပြောရဦးမယ်.. နယ်သူက ကိုယ့်အဘိုးကိုယ် ဘိုးဘိုးလို့မခေါ်ဘူး။အမေဘက်က
အမျိုးတွေက ကရင်လူမျိုးတွေလေ.. အဲတော့ အဘိုးကို ငယ်ငယ်ကတည်းက ဖူဖူကြီးလို့ခေါ်တာ။အဘိုးကလည်း
မြေးတွေကို ကရင်လို နာမည်တွေပေးထားတာ။အဲတိုင်းပဲခေါ်တယ်။နယ်သူ့ကို ဘယ်လိုခေါ်လဲသိလား... ?
ညာအိုး တဲ့.. ညာအိုးဆိုတာ ကရင်လို မျက်လုံးပြူးပြူးနဲ့ ငါးလေးကိုခေါ်တာတဲ့။ပြောတာပဲ.. :D
နယ်သူ့အစ်မကိုတော့ဘုမ့်ဘုမ်ကြီးလို့ခေါ်တယ်..အဲဒါတော့ဘာအဓိပ္ပာယ်လဲတော့မသိဘူးပဲ။
မောင်လေးကိုတော့သိတဲ့အတိုင်းပေါ့...ဖိုးခွာပေါ့။သူ့သမီးကိုတော့ဖိုသာမူတဲ့...။
အဟီး..ပေရှည်နေပြီ...စာသင်နေတာဟုတ်ဝူးနော်..ပြောပြနေတာ...။

ဆက်ပါဦးမယ်။အဲလိုနဲ့ပေါ့.. အဒေါ်ကလည်းကရင်ပေါ့နော်။တောင်ငူက ကရင်မလေ...။သိတဲ့အတိုင်းပဲ..
စကားနည်းနည်းဝဲတာပေါ့။ပြောရမယ်ဆို အဲဒါကပဲ အိမ်မှာ ဟာသတွေလုပ်နေသလိုဖြစ်နေတာ..။
ဖူဖူကြီးက မနက်စာကို ထမင်းကြော်စားတယ်...ကော်ဖီသောက်တယ်...အဲဒါပုံမှန်ဖြစ်စဉ်တွေပေါ့။
ဖူဖူကြီးရဲ့ချွေးမလုပ်သူကလည်းနယ်သူတို့ဆီကိုတစ်နှစ်တစ်ခါလောက်လာလည်တာပေါ့။
အဲလိုအလည်ရောက်နေတဲ့တစ်နေ့မှာ တွေ့တာပဲ။ တစ်ခုပြောရဦးမယ်...နယ်သူ့အဒေါ်က အကျင့်တစ်ခုရှိတယ်..။
နားစွန်နားဖျားကြားလိုက်တဲ့အရာတွေကို သီချင်းလုပ်ဆိုတတ်တယ်... သီချင်းသံကြားရင်တော့ရသလောက်
လိုက်ဆိုတာပေါ့။ဒီလိုနဲ့ပေါ့နော်...ခုနပြောတဲ့တစ်နေ့ ရောက်လာပါရော။ဖူဖူကြီးက မနက်စာစားဖို့ စားပွဲမှာထိုင်စောင့်နေတဲ့အချိန်...အဲအချိန်မှာအဒေါ်ကထမင်းကြော်နဲ့ကော်ဖီခွက်လာပို့ပေးတာပေါ့...
အဲချိန်ထိကိစ္စမရှိသေးဘူး။ကော်ဖီခွက်လည်း ပေးပြီးသွားရော မီးဖိုချောင်ထဲဝင်သွားပါလေရော... နေ့လည်အတွက်ထမင်းဟင်းချက်မလို့နေမှာပေါ့...။မကြာဘူးခဏလည်းနေရော ဘယ်ကနေဘယ်လိုသီချင်းသံ
ကြားသွားလဲမသိပါဘူး...ဦးအောင်ရင်သီချင်းကို ကောက်ခါငင်ကာဆိုလိုက်တာပေါ့....။နယ်သူတို့အိမ်က ကျဉ်းကျဉ်းလေးရယ်....။မီးဖိုချောင်နဲ့ ဧည့်ခန်း ကပ်နေတာပဲ ဖူဖူကြီးကထမင်းစားရင်းအကုန်ကြားနေရတာပေါ့...။
အစတုန်းတော့ တိုးတိုးလေးညည်းနေတယ်ဆိုတော့ သိပ်တော့ သတိမထားမိဘူးပေါ့...။ခဏလည်းနေရော.... အသံကနည်းနည်းကျယ်လာတော့ ဖူဖူကြီးက ကော်ဖီသောက်နေရင်းနဲ့ ထရယ်ပါလေရော...ဘယ်လောက်ထိ
များလည်းဆို ကော်ဖီတောင်သီးသွားပါသတဲ့...။

နယ်သူ့အဒေါ်ဆိုတဲ့သီချင်းသံလေးကြားချင်လား.. ? :P
မသိဘူးပဲ..မကြားချင်လည်းဆိုပြမှာပဲ..။တစ်ခြားသီချင်းမဟုတ်ပါဘူး...။ဦးအောင်ရင်ဆိုတဲ့ နွဲဆိုးပျိုဆိုလားပဲ...။
အဲသီချင်းလေ ... သိကြတယ်ဟုတ်... ဒါပေမယ့် အဲသီချင်းမှာရယ်စရာမပါပါဘူးနော်...။း)
ဖူဖူကြီးကလည်း အဲသီချင်းကိုရယ်တာမဟုတ်ပါဘူး... အဒေါ်ဆိုတဲ့ပုံစံနဲ့အသံကိုရယ်တာပါတဲ့...။
ဘယ်လိုဆိုလည်းဆိုရင်..."နွဲဆိုးပျော်....နွဲဆိုးပျော်..." တဲ့..။ ဟီးဟီး။

နောက်တစ်ခု... ဒါကလည်း သူတို့ သမီးယောက္ခမနှစ်ယောက်ပဲ...။
ဒီတစ်ခါက ဟင်းကိစ္စ..။ နယ်သူ့ အမေက ၀န်ထမ်းဆိုတော့... အဟမ်း...ရန်ကုန်လိုတော့မဟုတ်ဘူးပေါ့...(နည်းနည်းထိခိုက်လိုက်ဦးမယ်...ကန်တော့နော်.. :P)။ စက်ရုံထဲမှာ မီးကနေ့တိုင်းလာတယ်...။ဒါပေမယ့်....
ရုံးဖွင့်ရက်တွေဆိုရင် နေ့လည် ၁၂ကျော်ကနေမီးစဖြတ်တယ်... ၄နာရီမှပြန်လာတယ်..ချွေတာတာပေါ့...။
ဖူဖူကြီးက အိမ်မှာသာနေတာ...အေးဆေးမနေဘူး...။သူ့ဝင်ငွေနဲ့သူ ရှိပြီးသား။ ဒီလိုနဲ့..တစ်ရက်... နေ့လည်..
ထမင်းစားချိန်ရောက်တော့...ပုံမှန်တော့မဟုတ်ဘူး..။ဒီတစ်ခါ သူက အပြင်ကပြန်လာတာနောက်ကျသွားတယ်
လေ..။ခါတိုင်းဆို သူက သူ့သမီးနဲ့တူတူစားတာ..အမေရုံးက ထမင်းစားပြန်ချိန်ပေါ့..။အဲဒီနေ့ကျတော့ သူ့သမီးနဲ့
လည်းလွဲသွားတယ်...နောက်လည်းနောက်ကျသွားတယ်ပေါ့..။သူကငါးဟင်းကြိုက်တယ်လေ..ငါးတောင်မှ ငါးကြင်း... (မြေးအဘိုးတွေ တစ်ထေရာတည်း :D)။အဲဒါနဲ့ပေါ့နော်.. ထမင်းစားမယ်လဲလုပ်ရော..ချွေးမလုပ်သူက
ခူးခပ်ပေးတာပေါ့... ထမင်းစားပွဲကိုတစ်ချက်ကြည့်လိုက်တော့ ငါးကြင်းပန်းကန်ကိုတွေ့တယ်...။မျက်လုံးတွေ
ဝင်းလက်သွားတယ်ပေါ့... ခဏနေတော့ ဟင်းပန်းကန်ကို လက်နဲ့စမ်းကြည့်တယ်...။အေးနေပြီလေ....။အဲတော့..
သူ့ချွေးမကို နွှေးခိုင်းတယ်ပေါ့..။ချွေးမကလည်း လိမ္မာပါးနပ်သလားမမေးနဲ့..။နှစ်ခါမခိုင်းရဘူး...။မဆိုင်းမတွပဲ..
သွားနွှေးပေးလိုက်တယ်... သုံးလေးမိနစ်လောက်လည်းကြာရော... ငါးဟင်းလေးက နွေးနွေးလေး..အငွေ့လေး
တစ်ထောင်းထောင်းနဲ့...။ဖူဖူကြီးကတော့ ပြုံးစိစိပေါ့...။ငါ့ချွေးမက လိမ္မာသားပေါ့..။ခဏနေတော့ ဟင်းလည်းခပ်စားရော.. အရသာကပျက်နေရော..။နည်းနည်း မသင်္ကာဖြစ်သွားပြီပေါ့...။ခေါ်မေးရော...
ခုနက ငါးဟင်းကို ဘယ်လိုနွှေးလိုက်တာလဲပေါ့... ဘာညာ မေးတာပေါ့..။အဲခါလည်းကျရော...
ချွေးမကဘာပြန်ပြောတယ်မှတ်လဲ...။ ၁၂နာရီကျော်ပြီဆိုတော့ မီးပြတ်နေပြီတဲ့..။ဘယ်လိုမှနွှေးလို့မရတော့လို့..
ရေနွေးနဲ့ရောလိုက်တာတဲ့...။ဟီးဟီး..။ဖူဖူကြီးခမျာ...ဆူရအခက်..ရယ်ရအခက်..စိတ်တိုရအခက်..။
မှတ်ပါလေရော...။


ကဲ... သူတို့နှစ်ယောက်အကြောင်းကိုတော့ ဒီမှာခဏရပ်ထားဦးမယ်ဗျို့...
း)