အဘိုးသို့ အောက်မေ့မိခြင်း(ဦးစိတ်တိုရဲ့ ပဲစိတ်တို)

ဖူဖူကြီးအကြောင်းဆက်ပါဦးမယ်။နယ်သူ့အတွက်တော့ diary တစ်အုပ်လိုပါပဲ။
ရှေ့ပို့စ်မှာ သူ့မှာလည်း ကိုယ်ပိုင်ဝင်ငွေ ရှိတယ်လို့ပြောခဲ့တယ်လေ။သူ့ရဲ့စီးပွားရေးအကြောင်း
တစေ့တစောင်းပေါ့နော်။နယ်သူတို့ စက်ရုံထဲမှာဆို ကြက်မွေးမြူရေးလုပ်ကိုင်ကြတဲ့သူတွေ များတယ်လေ။အဲတော့သူကမနက်ပိုင်းဆို ကြက်တွေစားဖို့အတွက် ကြက်စာစိမ်းတွေကို
သူ့စက်ဘီးလေးစီးပြီး တောထဲမှာသွားရှာတယ်။တောထဲက ပြန်လာပြီဆိုရင် သူ့စက်ဘီးလေးခမျာ စီးလို့တောင်မရတော့ဘူး။ရှေ့မှာဂုန်နီအိတ်နဲ့ တစ်အိတ်။နောက်ကcarrier ခုံမှာ နှစ်အိတ်ဆင့်နဲ့။
ပင်ပင်ပန်းပန်းတွန်းလာတာ။ပြီးရင် လာဝယ်တဲ့သူတွေက၀ယ်။သူကရောင်း။
အဆင်တွေကိုပြေလို့ပေါ့။သူ့မှာလည်းကိုယ်ပိုင်ဝင်ငွေရှိသွားတာပေါ့။နောက်တစ်ခုက
စိုက်ပျိုးရေး။သူက စိုက်ပျိုးရေးတော့ ၀ါသနာပါသား။သူ့သူငယ်ချင်းတွေဆီသွားလည်ပြီး
ပြန်လာရင်အပင်တစ်မျိုးမျိုးပါလာတာနဲ့ သူ့မြေးတွေအကြိုက်လိုက်စိုက်ပေးတယ်။
သိပ်ချစ်ဖို့ကောင်းတဲ့အဖိုး။း)
အိမ်ဘေးဘက်မှာ ပဲစိတ်တိုပင်တွေကို စင်တွေနဲ့ စိုက်ထားတယ်။မြေတစ်ကွက်စာပဲ။
တော်တော်တော့များပါရဲ့။အမေကတော့ နာမည်ပေးထားတယ်။စိုက်တဲ့ အပင်ရဲ့သခင်ကလည်း ဦးစိတ်တို။စိုက်ထားတဲ့ပဲကလည်း ပဲစိတ်တိုဆိုတော့ ပဲလာဝယ်တဲ့သူတွေရှေ့ဆို စလိုက်နောက်လိုက်နဲ့။ဦးစိတ်တိုရဲ့ပဲစိတ်တိုကို အားပေးလှချည်လား..ပေါ့။အိမ်အရှေ့ဘက်က တောင်ကုန်းလေးမှာငှက်ပျောပင်အစုံစိုက်ထားတယ်။အိမ်နောက်ဖေးမှာလည်း
သခွားချဉ်ပင်လေးတွေစိုက်ထားတယ်။ငရုတ်ပင်။ဂေါ်ရခါးပင်...စုံလိုပါပဲ။
အဲဒီအပင်တွေကလည်း အိမ်ကစားရတာက
တော်တော်ရယ်ပါ။ လာဝယ်လို့ရောင်းရတာတွေချည်းပဲ။အဲတော့ သူ့မှာ ၀င်ငွေဘယ်လောက်များမယ်ဆိုတာကိုသာကြည့်ပေတော့။
တစ်ယောက်တည်းသုံးဖို့ဆိုတာတော့ လောက်တာပေါ့။ဒါပေမယ့်..
သူက သူ့မြေးတွေကို တော်တော်ချစ်တာရယ်။မောင်လေးမမွေးခင်တုန်းကတော့ နယ်သူတို့
ညီအစ်မတွေကို အရမ်းချစ်တာပေါ့။အဖိုးလည်းဖြစ်ပေတော့...သူမကြိုက်တာတွေတွေ့ရင် မြေးတွေကိုဆူငေါက်တာပေါ့။ဒါပေမယ့်..ဆူတုန်းခဏပဲ။နောက်တော့လည်း ဟုတ်တာမဟုတ်ဘူး။"ဖူဖူကြီး..ကျောင်းသွားတော့မှာမို့ မုန့်ဖိုး ၂၀လောက်ပေးပါလား" လို့
သွားဖြီးလေးနဲ့ တောင်းလိုက်ပါလား။"ညည်းတို့တွေက ပိုက်ဆံကိုဘယ်လိုရှာရတယ်နားမလည်ဘူး။
ပိုက်ဆံကိုအလကားရတယ်များမှတ်နေလား။ပိုက်ဆံဆိုတာသုံးလို့တော့လွယ်တယ်။
ရှာတာဘယ်လောက်ခက်တယ်ဆိုတာမသိဘူးမှတ်လား။တောင်းဖို့ပဲသိတယ်။ညည်းတို့အမေ
အလုပ်မသွားခင်က တောင်းမထားကြဘူးလား" ဆိုပြီးဘာညာကွိကွ နဲ့ ပါးစပ်ကသာ ပွစိပွစိ နဲ့ ဆူငေါက်နေတာ။လက်က သူ့အကျီင်္အနွမ်းလေးရဲ့ အိပ်ကပ်ထဲက
ပလပ်စတစ်အိပ်လေးနဲ့ ထုပ်ထားတဲ့ ပိုက်ဆံလေးတွေ ထဲက တောင်းသလောက်ကို
ရှာပြီးတော့ ညီအစ်မနှစ်ယောက်ကို ညီတူညီမျှပေးတတ်တယ်။း)
နယ်သူက ဖူဖူကြီးကိုချစ်ပါတယ်။ပြောရမယ်ဆို အဖေဘက်က အဘိုးအဘွားထက်ပိုချစ်ပါတယ်။
ငယ်ငယ်လေးကတည်းက တူတူနေလာတာဆိုတော့ သံယောဇဉ်ပိုရှိတာပေါ့။
နယ်သူ့ ငယ်ဘ၀လေးတွေကို သတိရတဲ့အချိန်တိုင်း ဖူဖူကြီးကရှေ့ဆုံးကပါတတ်ပါတယ်။
ခုထိလည်း သတိရနေတုန်းပါပဲ။ဒါပေမယ့် အမေ့ရှေ့မှာဖူဖူကြီးအကြောင်းပြောမိရင် အမေသိသိသာသာငြိမ်သွားတတ်တာကို နယ်သူသတိထားမိတယ်။း)
သူလည်းချစ်မှာပဲ အဖေကိုး။

ယောက္ခမနဲ့ချွေးမ

အဲ.. ယောက္ခမနဲ့ချွေးမဆိုလို့ တစ်ခြားသွားမတွေးနဲ့နော်။အဘိုးနဲ့ သူ့ချွေးမ(နယ်သူ့အဒေါ်) ကိုပြောတာ။
သူတို့နှစ်ယောက်က အိမ်မှာဆို သိပ်ရယ်ရတာ..။အဘိုးက သားသမီး သုံးယောက်မွေးထားတယ်လေ...။
ဦးလေးကြီး၊ဦးလေးငယ်နဲ့ နယ်သူ့အမေပေါ့..။ အဲထဲမှာ ဦးလေးကြီးကလည်း အိမ်ထောင်နဲ့။ဒါပေမယ့်..
သားသမီးတော့ မရှိဘူး။ပြောရဦးမယ်.. နယ်သူက ကိုယ့်အဘိုးကိုယ် ဘိုးဘိုးလို့မခေါ်ဘူး။အမေဘက်က
အမျိုးတွေက ကရင်လူမျိုးတွေလေ.. အဲတော့ အဘိုးကို ငယ်ငယ်ကတည်းက ဖူဖူကြီးလို့ခေါ်တာ။အဘိုးကလည်း
မြေးတွေကို ကရင်လို နာမည်တွေပေးထားတာ။အဲတိုင်းပဲခေါ်တယ်။နယ်သူ့ကို ဘယ်လိုခေါ်လဲသိလား... ?
ညာအိုး တဲ့.. ညာအိုးဆိုတာ ကရင်လို မျက်လုံးပြူးပြူးနဲ့ ငါးလေးကိုခေါ်တာတဲ့။ပြောတာပဲ.. :D
နယ်သူ့အစ်မကိုတော့ဘုမ့်ဘုမ်ကြီးလို့ခေါ်တယ်..အဲဒါတော့ဘာအဓိပ္ပာယ်လဲတော့မသိဘူးပဲ။
မောင်လေးကိုတော့သိတဲ့အတိုင်းပေါ့...ဖိုးခွာပေါ့။သူ့သမီးကိုတော့ဖိုသာမူတဲ့...။
အဟီး..ပေရှည်နေပြီ...စာသင်နေတာဟုတ်ဝူးနော်..ပြောပြနေတာ...။

ဆက်ပါဦးမယ်။အဲလိုနဲ့ပေါ့.. အဒေါ်ကလည်းကရင်ပေါ့နော်။တောင်ငူက ကရင်မလေ...။သိတဲ့အတိုင်းပဲ..
စကားနည်းနည်းဝဲတာပေါ့။ပြောရမယ်ဆို အဲဒါကပဲ အိမ်မှာ ဟာသတွေလုပ်နေသလိုဖြစ်နေတာ..။
ဖူဖူကြီးက မနက်စာကို ထမင်းကြော်စားတယ်...ကော်ဖီသောက်တယ်...အဲဒါပုံမှန်ဖြစ်စဉ်တွေပေါ့။
ဖူဖူကြီးရဲ့ချွေးမလုပ်သူကလည်းနယ်သူတို့ဆီကိုတစ်နှစ်တစ်ခါလောက်လာလည်တာပေါ့။
အဲလိုအလည်ရောက်နေတဲ့တစ်နေ့မှာ တွေ့တာပဲ။ တစ်ခုပြောရဦးမယ်...နယ်သူ့အဒေါ်က အကျင့်တစ်ခုရှိတယ်..။
နားစွန်နားဖျားကြားလိုက်တဲ့အရာတွေကို သီချင်းလုပ်ဆိုတတ်တယ်... သီချင်းသံကြားရင်တော့ရသလောက်
လိုက်ဆိုတာပေါ့။ဒီလိုနဲ့ပေါ့နော်...ခုနပြောတဲ့တစ်နေ့ ရောက်လာပါရော။ဖူဖူကြီးက မနက်စာစားဖို့ စားပွဲမှာထိုင်စောင့်နေတဲ့အချိန်...အဲအချိန်မှာအဒေါ်ကထမင်းကြော်နဲ့ကော်ဖီခွက်လာပို့ပေးတာပေါ့...
အဲချိန်ထိကိစ္စမရှိသေးဘူး။ကော်ဖီခွက်လည်း ပေးပြီးသွားရော မီးဖိုချောင်ထဲဝင်သွားပါလေရော... နေ့လည်အတွက်ထမင်းဟင်းချက်မလို့နေမှာပေါ့...။မကြာဘူးခဏလည်းနေရော ဘယ်ကနေဘယ်လိုသီချင်းသံ
ကြားသွားလဲမသိပါဘူး...ဦးအောင်ရင်သီချင်းကို ကောက်ခါငင်ကာဆိုလိုက်တာပေါ့....။နယ်သူတို့အိမ်က ကျဉ်းကျဉ်းလေးရယ်....။မီးဖိုချောင်နဲ့ ဧည့်ခန်း ကပ်နေတာပဲ ဖူဖူကြီးကထမင်းစားရင်းအကုန်ကြားနေရတာပေါ့...။
အစတုန်းတော့ တိုးတိုးလေးညည်းနေတယ်ဆိုတော့ သိပ်တော့ သတိမထားမိဘူးပေါ့...။ခဏလည်းနေရော.... အသံကနည်းနည်းကျယ်လာတော့ ဖူဖူကြီးက ကော်ဖီသောက်နေရင်းနဲ့ ထရယ်ပါလေရော...ဘယ်လောက်ထိ
များလည်းဆို ကော်ဖီတောင်သီးသွားပါသတဲ့...။

နယ်သူ့အဒေါ်ဆိုတဲ့သီချင်းသံလေးကြားချင်လား.. ? :P
မသိဘူးပဲ..မကြားချင်လည်းဆိုပြမှာပဲ..။တစ်ခြားသီချင်းမဟုတ်ပါဘူး...။ဦးအောင်ရင်ဆိုတဲ့ နွဲဆိုးပျိုဆိုလားပဲ...။
အဲသီချင်းလေ ... သိကြတယ်ဟုတ်... ဒါပေမယ့် အဲသီချင်းမှာရယ်စရာမပါပါဘူးနော်...။း)
ဖူဖူကြီးကလည်း အဲသီချင်းကိုရယ်တာမဟုတ်ပါဘူး... အဒေါ်ဆိုတဲ့ပုံစံနဲ့အသံကိုရယ်တာပါတဲ့...။
ဘယ်လိုဆိုလည်းဆိုရင်..."နွဲဆိုးပျော်....နွဲဆိုးပျော်..." တဲ့..။ ဟီးဟီး။

နောက်တစ်ခု... ဒါကလည်း သူတို့ သမီးယောက္ခမနှစ်ယောက်ပဲ...။
ဒီတစ်ခါက ဟင်းကိစ္စ..။ နယ်သူ့ အမေက ၀န်ထမ်းဆိုတော့... အဟမ်း...ရန်ကုန်လိုတော့မဟုတ်ဘူးပေါ့...(နည်းနည်းထိခိုက်လိုက်ဦးမယ်...ကန်တော့နော်.. :P)။ စက်ရုံထဲမှာ မီးကနေ့တိုင်းလာတယ်...။ဒါပေမယ့်....
ရုံးဖွင့်ရက်တွေဆိုရင် နေ့လည် ၁၂ကျော်ကနေမီးစဖြတ်တယ်... ၄နာရီမှပြန်လာတယ်..ချွေတာတာပေါ့...။
ဖူဖူကြီးက အိမ်မှာသာနေတာ...အေးဆေးမနေဘူး...။သူ့ဝင်ငွေနဲ့သူ ရှိပြီးသား။ ဒီလိုနဲ့..တစ်ရက်... နေ့လည်..
ထမင်းစားချိန်ရောက်တော့...ပုံမှန်တော့မဟုတ်ဘူး..။ဒီတစ်ခါ သူက အပြင်ကပြန်လာတာနောက်ကျသွားတယ်
လေ..။ခါတိုင်းဆို သူက သူ့သမီးနဲ့တူတူစားတာ..အမေရုံးက ထမင်းစားပြန်ချိန်ပေါ့..။အဲဒီနေ့ကျတော့ သူ့သမီးနဲ့
လည်းလွဲသွားတယ်...နောက်လည်းနောက်ကျသွားတယ်ပေါ့..။သူကငါးဟင်းကြိုက်တယ်လေ..ငါးတောင်မှ ငါးကြင်း... (မြေးအဘိုးတွေ တစ်ထေရာတည်း :D)။အဲဒါနဲ့ပေါ့နော်.. ထမင်းစားမယ်လဲလုပ်ရော..ချွေးမလုပ်သူက
ခူးခပ်ပေးတာပေါ့... ထမင်းစားပွဲကိုတစ်ချက်ကြည့်လိုက်တော့ ငါးကြင်းပန်းကန်ကိုတွေ့တယ်...။မျက်လုံးတွေ
ဝင်းလက်သွားတယ်ပေါ့... ခဏနေတော့ ဟင်းပန်းကန်ကို လက်နဲ့စမ်းကြည့်တယ်...။အေးနေပြီလေ....။အဲတော့..
သူ့ချွေးမကို နွှေးခိုင်းတယ်ပေါ့..။ချွေးမကလည်း လိမ္မာပါးနပ်သလားမမေးနဲ့..။နှစ်ခါမခိုင်းရဘူး...။မဆိုင်းမတွပဲ..
သွားနွှေးပေးလိုက်တယ်... သုံးလေးမိနစ်လောက်လည်းကြာရော... ငါးဟင်းလေးက နွေးနွေးလေး..အငွေ့လေး
တစ်ထောင်းထောင်းနဲ့...။ဖူဖူကြီးကတော့ ပြုံးစိစိပေါ့...။ငါ့ချွေးမက လိမ္မာသားပေါ့..။ခဏနေတော့ ဟင်းလည်းခပ်စားရော.. အရသာကပျက်နေရော..။နည်းနည်း မသင်္ကာဖြစ်သွားပြီပေါ့...။ခေါ်မေးရော...
ခုနက ငါးဟင်းကို ဘယ်လိုနွှေးလိုက်တာလဲပေါ့... ဘာညာ မေးတာပေါ့..။အဲခါလည်းကျရော...
ချွေးမကဘာပြန်ပြောတယ်မှတ်လဲ...။ ၁၂နာရီကျော်ပြီဆိုတော့ မီးပြတ်နေပြီတဲ့..။ဘယ်လိုမှနွှေးလို့မရတော့လို့..
ရေနွေးနဲ့ရောလိုက်တာတဲ့...။ဟီးဟီး..။ဖူဖူကြီးခမျာ...ဆူရအခက်..ရယ်ရအခက်..စိတ်တိုရအခက်..။
မှတ်ပါလေရော...။


ကဲ... သူတို့နှစ်ယောက်အကြောင်းကိုတော့ ဒီမှာခဏရပ်ထားဦးမယ်ဗျို့...
း)


စာတော်သောတပည့်လေးများ

တစ်နေ့ညနေမှာ နယ်သူတို့အိမ်ကို တရုတ်စာသင်ပေးဖို့ ဆရာမရောက်လာတယ်...လာနေကျအချိန်ပေါ့....
ဆရာမလာရင် မောင်လေးမှာလုပ်နေကျ အကျင့်တွေရှိတယ်...တစ်ခါတစ်လေ....ဆရာမလာမှရေသွားသောက်
တာတို့... toilet သွားတာတို့... ထမင်းတောင်းစားတာတို့...အရမ်းလုပ်တတ်တာ...
ကလေးဆိုတော့လေ သိတဲ့အတိုင်းပဲ..စာမသင်ချင်ဘူး။ကစားပဲကစားချင်နေတာ..မကစားချင်ရင်လည်း တီဗီကြည့်နေတာလေ...ပြောရင်းနဲ့ လွဲကုန်တော့မယ်...
အဲလိုနဲ့ ဆရာမရောက်လာတော့ စာသင်ရောပေါ့.... မောင်လေးကလည်းသူ့အသံဗြဲကြီးနဲ့ ပေါက်ဖော်ကြီးလိုလိုဘာလိုလို... တရုတ်စာတွေအော်တော့တာပေါ့...အဲချိန်မှာနယ်သူကလည်းကုပ်ကုပ်ကုပ်ကုပ်နဲ့ စာတွေလုပ်နေရတာပေါ့...
စတာက မောင်လေး... သူကကျောင်းမှာလည်းသင်ရတယ်လေ..အိမ်မှာလည်းစာလုပ်နေရတာပဲ..ကျူရှင်တောင်
သင်နေရသေးတာပဲကို... စာမေးတာမရဘူး...ဆရာမကလည်းနည်းနည်းစိတ်တိုသွားတာပေါ့...အဲလိုနဲ့...
နယ်သူဘက်ကိုလှည့်လာပါလေရော.. အဟီး... အစတုန်းက မသိချင်ယောင် မကြားချင်ယောင်ဆောင်နေတာ..
ဆရာမမေးတဲ့စာလုံးကိုလည်း မေ့နေတာလေ...ခုတော့ကိုယ့်ဘက်လည်းလှည့်လာရော..ဆရာမကိုအရင်
သွားဖြီးပြထားတာပေါ့...:D ဆရာမကမေးတယ်...တရုတ်လို "ရုတ်တရက်" ကို ဘယ်လိုခေါ်လဲတဲ့။ အိ.... :(
မေ့နေတယ်...နယ်သူတို့မောင်နှမက စာမရလည်း အငြိမ်မနေဘူး... လျှောက်ဖြီးတတ်တဲ့အကျင့်ရှိတယ်...
တစ်ယောက်တစ်ပေါက် ဖြီးနေကြတာပေါ့... ဒါလား..ဒါမဟုတ်ရင်ဟိုဟာလား... မဟုတ်သေးဘူးလား....ဒါဆို
ဘာ...ညာ....ပေါ့...လျှောက်ဖြီးတာ.....အကုန်တလွဲချည်းပဲ...အဟီး.:P ခဏလည်းနေရော....ကဲ မသိရင်လည်းပြောပြမယ်ဆိုတဲ့အချိန်မှာ... မီးဖိုချောင်ထဲကနေ အကုန်ကြားနေရတဲ့အမေက....လှမ်းအော်လိုက်ပါလေရော.... "tu ran" ထူရန် တဲ့။ အဟီးးးးးးး...... အစတုန်းက ပါးစပ်ဟောင်းလောင်းလေးနဲ့ သုံးယောက်သားအမေပြောတာနားထောင်နေတာ....ခဏလည်းနေရောဆရာမက
ထ ရယ်ရော....ဟုတ်တယ်တဲ့...အမေပြောတာမှန်တယ်တဲ့... နင်တို့က ဒါလေးတောင်မသိဘူးလားတဲ့.... :P
ရှက်စရာဂျီးနော်..... ဟီးဟီး။ စာသင်နေရတဲ့ကျောင်းသားတွေက မသိဘူး...ဘေးကနေ မဟုတ်ရင် မီးဖိုချောင်
ကနေအမြဲနားထောင်နေတဲ့အမေက မှ မှတ်မိသေးတယ်.... :P နောက်တော့ ရယ်ရယ်မောမောနဲ့ စာဆက်သင်ပြီး ကျူရှင်ဆင်းတော့ ဆရာမလည်း ပြန်သွားရော.... နယ်သူလည်း ... ဟာ... ငါ့အမေကတော်လှချည်လားပေါ့...အမေဘယ်လိုလုပ်သိလဲလို့ မေးတော့..... အမေကပြောတယ်..
" ဟယ်....နင်တို့ ငယ်ငယ်ကတည်းက တရုတ်ကားတွေကြည့်လာပြီး....အဲစာလုံးလေးတစ်လုံးတောင်နားမလည်
ဘူးလား.... တရုတ်ကားထဲမှာဆို အမြဲပါတယ်... တရုတ်စာသင်နေတာကြာပြီ..ဒါလေးတောင်မသိသေးဘူး" တဲ့..
ဟီး..... တယ်တော်တဲ့ ငါ့အမေပဲ...သူကမှမှတ်မိသေးတယ်.... ရှက်လိုက်တာ... :D

ငယ်ဘ၀အမှတ်တရ(ဇာတ်သိမ်းပိုင်း)

ကဲ.... အားကစားပွဲလည်းပြီးရော... နောက်ထပ်ပွဲတစ်ခုထပ်လာပါတယ်.... ဒါပေမယ့်.. အဲဒီပွဲမှာတော့ မကဲနိုင်ကြတော့ပါဘူး.... ဟီးး... သိတယ်ဟုတ်.. စာမေးပွဲလေ... :D အဆောင်လေးက နေပျော်ပါတယ်.... စာမေးပွဲနဲ့..ပျော်ပွဲရွှင်ပွဲကို အချိန်ကိုက်လေးလုပ်ပေးတာ... ကထိန်ပွဲလည်းလုပ်ပေးပါသေးတယ်... အဲဒီပွဲမှာတော့...မနက်ပိုင်းကို ကထိန်လှည့်တယ်လို့ခေါ်တယ်ထင်တယ်.... တစ်သီတစ်တန်းကြီး ကျောင်းဝတ်စုံတွေနဲ့ ဘုန်းကြီးကျောင်းသွားကြတာလေ...ကျောင်းသားတွေက တစ်ထောင်ကျော်တယ်... မြို့ထဲမှာ လှည့်ပတ်ပြီးလမ်းလျှောက်... ပြီးတော့ ခဲလယ်ကျောင်းကိုသွား... ကထိန်သင်္ကန်းကပ်...
ပစ္စည်းတွေလှူ... တရားနာပြီး... အဆောင်ပြန်ရတယ်....
လာပြီဆရာ.....ညနေဘက်လည်းကျရော.....မနက်ကလို အဖြူအစိမ်းဝမ်းဆက်လေးနဲ့မဟုတ်တော့ဘူးဗျာ....
ကိုယ့်အဆောင်နဲ့ကိုယ် ၀တ်စုံဆင်တူလေးတွေနဲ့.. တန်းစီပြီး ပင်မအဆောင်ကြီိးဆီကိုသွားရတယ်...
ညဘက်လို့ခေါ်မယ်ပေါ့....ဆောင်းတွင်းကြီး...မှောင်တာကမြန်... နှင်းငွေ့လေးနဲ့ အေးအေးလေး... မိန်းကလေး
အဆောင်တွေကတော့ ဆွယ်တာ ရောင်စုံဝမ်းဆက်လေးတွေ ၀တ်တာများပါတယ်....ယောက်ျားလေးတွေ
ကတော့... ပဲများတာလေ.... ဘာတွေဝတ်လာမှန်းမသိဘူး... ထားလိုက်ပါ... ဆက်ပြောဦးမယ်.... ပထမဆုံး ဖွင့်ပွဲပေါ့... မီးပုံးပျံတွေ အဆောင်အလိုက်လွှတ်တင်ကြတယ်.... ပြီးတော့မှ အကပြိုင်ပွဲတွေလာတယ်....
တစ်ဆောင်နဲ့တစ်ဆောင်အားပေးကြတာပေါ့.... သူများကတာတွေလည်းကြည့်.... ညီတဲ့အဖွဲကလည်း သေချာလေ့ကျင့်ထားတယ်ထင်တယ်..တော်တော်ညီတာဗျာ.... မညီတဲ့အဖွဲ့ခမျာလည်း မညီရှာဘူး...ကြည့်ရတာ...စာမေးပွဲအရင်လာတော့ စာကိုဦးစားပေးကျက်ရလို့ အကတိုက်ဖို့အချိန်မရှိလို့နေမှာ..
အဲလိုနဲ့ပေါ့လေ.... အားပေးကြ အော်ကြဟစ်ကြပေါ့....ပျော်စရာကြီး.... နယ်သူလည်း နှစ်နှစ်လုံး အကထဲပါလိုက်သေးတယ်.....အဟီး.. :D ပထမနှစ်က မမပုသိမ်သူသီချင်းကို ပုသိမ်ထီးတွေနဲ့ကရတာ..
ရယ်ရတယ်...အကဆရာလည်းမခေါ်ဘူး....ကိုယ့်အချင်းချင်းသင်...ညှိပြီးကကြတာ.. ဒုတိယနှစ်လည်းရောက်ရော... အရှိကိုအရှိအတိုင်း ဆိုတဲ့သီချင်းနဲ့ကတာလေ...ရယ်နေရတာ... ညီလည်းမညီဘူး
နယ်သူကယောက်ျားလေးလိုသရုပ်ဆောင်တယ်လေ...အဟိ.. :P

ဒီလိုပဲပေါ့..ပျော်ရမယ့်အချိန်ဆို အပြည့်အ၀ပျော်လိုက်တယ်... စာလုပ်ရမယ့်အချိန်ဆိုလည်း အပြည့်အ၀ ငိုက်လိုက်တယ်... အဲလေ.. ဟုတ်ပါဘူး..စာကျက်တယ်ပေါ့နော်... ယုံလားတော့မသိဘူး... အဟက်ခ်.. :P
ဒီလိုနဲ့ စာမေးပွဲနီးလာပြီ...ကျောင်းသူတွေများဘယ်လောက်စာကိုကြိုးစားကြသလဲဆိုတော့... Marchမှာစာမေးပွဲ
ဖြေရင်.. January လောက်မှာ အဆိုတော်တွေဘာတွေငှားပြီး Fresher Welcome လုပ်ပေးတယ်ပေါ့နော်...
အဲအချိန်ကျရင်လာမယ့် အဆိုတော်တွေကို ဘယ်သူတွေများဖြစ်မလဲလို့ စပ်စုလိုက်ရတာအမော... :P
အဲဒီနေ့ကျပြန်တော့လည်း ကဲကြတယ်ပဲဆိုပါတော့.... သီချင်းတွေလိုက်ဆိုပြီးအားပေးလိုက်တာ အသံကိုဝင်လို့..
ဆရာမတွေကတော့ပြောတယ်... စာကိုသာအသံဝင်အောင်ကျက်တဲ့ All D ကိုပါမယ် စိတ်ချတဲ့..အဟီး:P

အပျော်နေ့တွေလွန်ပြီး ငိုရမယ့်နေ့ကိုရောက်လာပြီပေါ့နော်.... ဆယ်တန်းစာမေးပွဲနောက်ဆုံးနေ့... စာမေးပွဲဖြေပြီးပြန်လာတော့ ဆရာတွေကိုထပ်ကန်တော့တယ်... ဆရာတွေကဆုပေးတယ်... ပြီးတော့...သူငယ်ချင်းတွေ ဖက်ငိုကြတယ်ပေါ့လေ... နယ်သူလား... အသည်းမာတယ်လို့ပြောလည်းခံရမှာပဲ...
မငိုခဲ့ဘူးသိလား...တကယ်ပြောတာ... ဘာလို့မှန်းမသိဘူး... contact လုပ်လည်းရတာပဲကို..ဖုန်းနံပါတ်တွေလည်း
ဖလှယ်ထားကြပြီးပြီပဲလေ.... မငိုခဲ့ဘူး... အဆောင်ပြန်တယ်... မေလာခေါ်တယ်.... အိမ်တန်းပြန်တယ်...နောက်မိနစ်သုံးဆယ်လောက်လည်းကြာရော.. အိမ်ပြန်ရောက်ရော..ဟဟ လန်းတယ်နော်..
:P

နောက်ပိုင်းကိုတော့ ဆက်မရေးသေးဘူး...စိတ်ပေါက်မှပဲရေးမယ်... သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မရတော့ဘူး...ခုချိန်ထိပဲ....ဘာလို့လည်းဆိုတော့
သူငယ်ချင်းတွေရဲ့ဖုန်းနံပါတ်တွေရေးထားတဲ့စာအုပ် ပျောက်သွားလို့ ..း( စည်းကမ်းရှိတယ်နော်..
အဟင့်... ဒါပေမယ့် ကံကောင်းတာ... အဆောင်မှာခင်ခဲ့တဲ့သူငယ်ချင်းထဲကဆိုရင်...နှစ်ယောက်နဲ့အဆက်အသွယ်ရှိသေးတယ်...
တစ်ယောက်က မမျှော်လင့်ဘဲ.. ဒီနှစ်သင်္ကြန်မှာ ပြန်တွေ့တယ်..
ဒါတောင်သူကလာခေါ်လို့.... ကိုယ်ကမမြင်ဘူး..အဲဒါကြောင့် မေကပြောတာ.. ပြူးသလောက်ကန်းတယ်တဲ့.. :D
နောက်တစ်ယောက်ကတော့ ဆယ်တန်းပြီးကတည်းက ဒီလိုပဲအဆက်အသွယ်ရနေတာပါ... ခုချိန်ထိပေါ့...
ကျန်တဲ့သူငယ်ချင်းတွေကို တကယ်လွမ်းပါတယ်... ဖြစ်နိုင်ရင် သူတို့နဲ့ပြန်ဆက်သွယ်ချင်တယ်... သိပ်ကြီးတော့
မမျှော်လင့်ထားပါဘူး...နယ်သူက မျှော်လင့်ထားတာတစ်ခုခုရှိရင် ဘယ်တော့မှဖြစ်မလာတတ်လို့ ...ပြီးတော့
ခံစားလွယ်တယ်..အဲဒါကြောင့်.... မမျှော်လင့်ရဲဘူးပေါ့နော်...

ကဲကဲ.... သူငယ်ချင်းတွေကိုလွမ်းတာနဲ့ပဲဇာတ်သိမ်းလိုက်တယ်နော်....ဘာရယ်ဘာရယ်.....
ငယ်သူငယ်ချင်းတွေကိုလား. ?
လွမ်းတာပေါ့.... ငယ်သူငယ်ချင်းလေး သုံးယောက်ကို ပိုတောင်လွမ်းသေး....း)

ငယ်ဘ၀အမှတ်တရ(၃)

အဟမ်း... အလယ်တန်းကို ထ၂ မှာပဲတက်ခဲ့ရတယ်...အဲတုန်းက တော်တော်ပျော်စရာကောင်းခဲ့တာပေါ့...... ငယ်သေးတော့ စာကိုသိပ်လည်းမလုပ်ရဘူးလေ... အားရင်ကစားဖို့ပဲ....အိမ်ကနေကျောင်းတက်တော့
လွတ်လည်းလွတ်လပ်တယ်.... သူငယ်ချင်းတွေနဲ့ ကျောင်းကားနဲ့ကျောင်းသွား...ကျောင်းကားနဲ့ပဲကျောင်းပြန်...
ပျော်စရာကောင်းခဲ့တာပေါ့....ဒါပေမယ့်..အထက်တန်းရောက်တော့ အဆောင်နေဖြစ်တယ်လေ...အဲတော့... ထ၄ ကိုပြောင်းရရော....ပြောင်းလိုက်တာပေါ့... ဒါပေမယ့် အပျော်ကတစ်မျိုးစီပါ... အလယ်တန်းကျတော့လည်း တစ်မျိုးပျော်ရတာပေါ့.... အထက်တန်း ကျပြန်တော့လည်း တစ်မျိုးပေါ့..... အဆောင်မှာနေခဲ့ရတဲ့ အချိန်တွေကိုတော့ တကယ်သတိရတာ... သူငယ်ချင်းတွေနဲ့ စာတူတူကျက်တဲ့အချိန်တွေ ၊ Morning Study/Night Study ၀င်ခဲ့တဲ့အချိန်တွေ ၊ Outpass ထွက်တဲ့အချိန်တွေ သိပ်သတိရတာပဲ.... ခုဆိုရင်တော့သူငယ်ချင်းတွေက ကွဲကုန်ပြီလေ... အနယ်နယ်အရပ်ရပ်ကလာတက်ကြတာကိုး....

ကဲကဲ.... အမှတ်တရတွေ ... တစ်သီကြီးပြောပြချင်ပါသေးတယ်... အဆောင်ဆိုတော့ သိတဲ့အတိုင်း အစားအသောက်မကောင်းဘူး... အရေးထဲမှာ ကိုယ်ကလည်း အသားမစားတဲ့ စာရင်းမှာပေးထားတော့... တစ်ခါလာလည်း ကြက်ဥ၊ တစ်ခါလာလည်း ပဲပြုတ်သုပ်... စိတ်တော်တော်လေခဲ့တာ.. ဟင်းတွေနဲ့ပတ်သက်ပြီးပေါ့လေ... :) Morning Study ကတော့ တကယ်ပြောတာ လုံးဝမငိုက်ဘူး...ခဏလေးဝင်ရတာကိုး..... Night Study ကတော့ အမြဲငိုက်တာ... ဆရာမကတောင်...
ပြောယူရတယ်... အမှန်အတိုင်းပြောရရင်... တစ်ခါမှမငိုက်ဖူးဘူး...ဘုရားစူး... အဆောင်နေမှ ငိုက်တတ်တာ...စည်းနဲ့ကမ်းနဲ့ကိုး... အချိန်နဲ့အချိန်ဆိုတော့လည်း ငိုက်ပြီပေါ့... မှတ်မိသေးတယ်.... Night Study ၀င်ချိန်ဆို စာကျက်သံထက် ဆရာမက ငိုက်တဲ့သူတွေကို ရိုက်တဲ့ အသံက ပိုကျယ်တယ်... :P တဖြန်းဖြန်းနဲ့ .. တစ်ခါတစ်လေဆို.. ဆရာမတစ်ခါရိုက်လိုက်ရင် စာကျက်တဲ့သူတွေရဲ့ အသံတွေ တိတ်သွားတယ်..ခဏငြိမ်သွားတာပေါ့လေ....ပြီးတော့မိန်းကလေးပီပီစပ်စုတာပေါ့..
ဘယ်သူဗြောတီးခံရသလဲပေါ့..... အဟီး... သြော်......
နယ်သူလား..... ပါတာပေါ့..နယ်သူတို့က ထိပ်ဆုံးက.. :D ဒီလိုပါ...ဆရာမတွေက step by step သွားတာ... နည်းနည်းငိုက်နေတာမြင်ရင်...အဲနားလေးမှာကြာကြာရပ်တယ်ပေါ့... ဆရာမရှိတော့
ကြောက်စိတ်နဲ့ ငိုက်ချင်တဲ့စိတ်တွေပြေးသွားအောင်ပေါ့.... အဲအဆင့်လည်းမရဘူးလား... ဟုတ်ပြီ....နာမည်ခေါ်နှိုးတယ်.....မရသေးရင် လက်နဲ့တို့ပြီးနှိုးပေးတယ်..... မရတော့ဘူးလား..... ကဲ..လာပြီ... ဒီတစ်ခါနောက်ဆုံးအဆင့်....တီးခံရပြီသာမှတ်...
ဟီးဟီး.....အဲအချိန်တုန်းကတော့ စိတ်ညစ်တာပေါ့... ခုချိန်မှာပြန်တွေးကြည့်တော့... တော်တော်ရယ်ရတာပဲ...
:D

ပျော်ရမယ့်အချိန်လေးတွေလာပါပြီ..... အားကစားပြိုင်ပွဲတွေလုပ်ပေးတယ်..... ယောက်ျားလေးတွေလား...? မပါဘူးလေ... ဘယ်ပါမလဲ အဆောင်တွေခွဲထားတာလေ....စာသင်ခန်းတွေတောင် ခွဲထားတာ...မိန်းကလေးသက်သက်ယောက်ျားလေးသက်သက်....ဒါမှလွတ်လပ်တာပေါ့....ဲကဲ....အားကစားပြိုင်ပွဲဆက်မယ်.....အာလူးကောက်၊ခုံရွှေ့၊ပူစီးပေါင်းဖောက်၊အီကြာကွေးစား၊
မုန့်စား၊ရေသယ်၊မီးခြစ်ဆံသယ်.... စတဲ့စတဲ့ ကစားနည်းတွေ... ကစားရတယ်....တစ်ချို့ကစားနည်းတွေဆို ကြားတောင်မကြားဖူးဘူး...ရေသယ်တဲ့ကစားနည်းတို့....သြော်သြော်..ကျန်သေးတယ်.....
ပုလင်းကို ခြေမနဲ့ညှပ်ပြီး သယ်တာ...တော်တော်ဆိုးတာ... တကယ်ပဲ....ဒါပေမယ့်ပျော်ခဲ့ပါတယ်....အဲထဲမှာ
အားလုံးစိတ်ဝင်စားကြတာကတော့..... Fashion Show ပါပဲ....ကိုယ့်အဆောင်ကိုယ် အားပေးလိုက်ကြတာ..ဆူညံနေတာပဲ......ကောင်မလေးတွေကလည်း လှပါ့လှပါ့... ငေးကြည့်ရတယ်...ပြင်ထားတာဆင်ထားတာ...လွန်ပါရော....
အဟဲ.....ကြွားရဦးမယ်လေကွယ်..... ကိုးတန်းတုန်းကတော့ ကိုယ်တို့ ချယ်ရီဆောင် ပထမရတာပေါ့နော်.... :P
ဆယ်တန်းလည်းရောက်ရော....ဆုတောင်မရဘူး...အဟင့်... :( ထားပါ.....ဟွန်းးးးးးးး အားကစားစိတ်ဓါတ်ထားရမယ်လေ..... ဟုတ်ဘူးလား.. :D

နောက်ထပ်အပိုင်းမှာ ဇာတ်သိမ်းပါမယ်...ငယ်ဘ၀ဆိုတာ ခုချိန်မှာတော့... ငယ်ငယ်ကနေ
ဆယ်တန်းအထိကိုပဲဆိုလိုချင်သေးတယ်..... အဟီး..... :D ဆက်ရန်နော်.....

ငယ်ဘ၀အမှတ်တရ(၂)

ကဲ....လေးတန်းပြီးလို့ငါးတန်းရောက်လာပြီ.... အလယ်တန်းပြောင်းရတော့မယ်.. ကျောင်းပြောင်းရတော့မယ်လေ..ကျောင်းရွေးပြီပေါ့နော်... ရွာမှာလည်း အလယ်တန်းကျောင်းရှိသားပဲ... မကြီးကျယ်တို့ညီအစ်မကရွာကျောင်းမတက်ချင်ကြဘူးလေ...မြို့ကျောင်းမှမြို့ကျောင်း.....
အဲလိုနဲ့ပဲ....အထက၂ဆိုတဲ့မြို့ကျောင်းကိုရောက်သွားပါလေရော....
အစ်မကကိုယ့်ထက်နှစ်နှစ်ကြီးတယ်ဆိုတော့...မြို့ကျောင်းကိုအရင်ရောက်နှင့်တယ်လေ..
ဆရာမတွေနဲ့လည်းသိ..သူငယ်ချင်းတွေလည်းအများကြီးရနှင့်နေပြီပေါ့... မြို့ကျောင်းရောက်တော့ အမြင်ကျယ်သွားတယ်...တစ်ခုတော့မကောင်းဘူး... သူငယ်ချင်းတွေကွဲကုန်တယ်လေ...း(

စလာပြီ..မိပျာယာတို့ကတော့... မြို့ကျောင်းရောက်တာတစ်နှစ်မပြည့်သေးဘူး ... အရှက်ကွဲတော့တာပဲ.... ဟီး :D
မနက်ခင်းတစ်ခုမှာပေါ့နော်.... မြို့ပေါ်မှာကျောင်းသွားတက်မယ့်ကျောင်းသားလေးတွေ... ကျောင်းကားကြီးစီးပြီး...ကျောင်းလာကြပါလေရော... တစ်ခုကံကောင်းတာ အဲနေ့မှာကျောင်းကားက နောက်ကျနေတယ်... (ဟူး... တယ်ကံကောင်းတဲ့ငါ.. :( ) ကံကောင်းတယ်ဆိုတာကလည်း အဆိုးထဲက
အကောင်းကိုပြောတာနော်.... ဆက်ပြောပါဦးမယ်... စကားတွေက လွဲကုန်တော့မယ်.... အဲဒါနဲ့ပေါ့လေ...ကျောင်း
ကားကြီးစီးလာပါလေရော.... ကျောင်းကလည်းနောက်ကျနေပြီ... ကျောင်းရောက်တော့ ကျောင်းတောင်
တက်နေပြီ.... အဲချိန်မှာပေါ့လေ...မိပျာယာတို့က ကျောင်းနောက်ကျနေပြီပေါ့.. ဆရာမကဆူတော့မယ်ပေါ့....ဟိုတွေးဒီတွေးနဲ့ လန့်နေတာ... ကားကမရပ်သေးဘူး.... ခြေထောက်က ကားရဲ့လှေကားမှာရောက်နေပြီ.... :P အဲမှာစတွေ့တာပဲ...
ကားလည်းရပ်ရော...ကျောင်းကလည်းနောက်ကျနေတာနဲ့ဆိုတော့ အတင်းကိုဆင်းပြေးတော့တာ....ဟီးးး. :D
ဝတ်လာတဲ့စကတ် ကလည်း အရှည်ကြီးဆိုတော့ ကားလှေကားအစွန်းနဲ့ငြိပါလေရော... သေရောလေ...
ကားပေါ်ကနေကို ဇောက်ထိုးပြုတ်ကျတာ.... :P ကားပေါ်မှာလည်းလူတွေအများကြီး ရှက်လိုက်တာသေတော့မယ်... လူတွေများမှာပေါ့... ကိုယ်က အရင်ဆင်းတဲ့လူကိုး...ကံကိုကမကောင်းတာ..း(
အဲလိုအဲလို နယ်သူ တို့က အဲလို ပျာယာခတ်တာ.. :P

အဲလိုနဲ့ပဲ ထ၂ မှာကျောင်းတက်ရင်း သူငယ်ချင်းအသစ်တွေရလာတာပေါ့... ရွာကျောင်းတုန်းကလိုတော့ အဆော့မသန်တော့ဘူးလေ... မြို့ကျောင်းဆိုတော့.. နည်းနည်းလည်းထိန်းနေရတယ်..လူရှိန်အောင်လို့.. ဟီး.. :D
ဒါပေမယ့်.. နယ်သူ တို့က ကျောင်းမှာမဆော့ရတော့ အိမ်မှာဆော့ပါတယ်...အဲလောက်ကို စိတ်ချရတာပါ...
သြော်....ဒါနဲ့ ငယ်သူငယ်ချင်းတွေဆိုလို့ သူငယ်ချင်းငယ်လေးတွေရှိသေးတယ်... ကိုယ့်ထက်အသက်ငယ်တဲ့ ကလေးလေးတွေလေ.... သိတယ်မှတ်လား ... နီလာဝင်း၊အိတုံ နဲ့ ပြည့်ပြည့် ဆိုတဲ့ ကလေးသုံးယောက်က ဆော့ဖော်ဆော့ဖက်သူငယ်ချင်းငယ်လေးတွေပါ... နီလာဝင်းနဲ့ အိတုံက ညီအစ်မ ... နီလာဝင်းကအကြီး..အိတုံက အငယ် .. နီလာဝင်းက ကိုယ့်ထက် ၂နှစ်ငယ်တယ်... အိတုံက ကိုယ့်ထက် ၄ နှစ်လောက်ငယ်တယ်.. ပြည့်ပြည့်က ကျတော့.. ၃နှစ်လောက်ငယ်တယ်... အဟီး..... :P သိကျပြီနော်.. တကယ့် ကလေးတွေနဲ့ကိုပြိုင်ဆော့တာ....
ညနေကျောင်းကအိမ်ကိုပြန်ရောက်ပြီဆိုတာနဲ့ ... ကလေးသုံးယောက်က အိမ်မှာရောက်နှင့်နေပြီ.... ကိုယ့်ကိုစောင့်နေကျတာ... ဆော့ဖို့.. :P ကိုယ်ကလည်း သိပ်မဆော့ချင်ပါဘူး..... အိမ်ရောက်တာနဲ့ လွယ်အိတ်ကိုပစ်.... ဘောင်းဘီတိုလဲ ပြီးတာနဲ့ "ကစားမယ်ဟေ့ "လို့ တစ်ခွန်းတည်းပြောလိုက်ရင် သုံးယောက်လုံးက အိမ်အောက်ရောက်နေကြပြီ.... ဒီထိုးတမ်းကစားတယ်..လေးယောက်ဆိုတော့ အထုပ်ပေါက်တမ်းကစားကြတယ်... တစ်ခါတစ်လေအိုးပုတ်တမ်းကစားတယ်.... နယ်သူ တို့ ဘယ်အရွယ်ထိ
များ အဲကလေးသုံးယောက်နဲ့ ကစားခဲ့ပါသလဲလို့ မေးရင် ဖြေချင်ပါတယ်.... ဟီးဟီး :D
မမေးလည်းဖြေမယ်.... ရှစ်တန်းအထိကစားခဲ့ပါတယ်.... ဘာကြောင့်အဲနောက်ပိုင်းမကစားဖြစ်တော့သလဲ
ဆိုရင် ကိုးတန်း၊ဆယ်တန်းအဆောင်ဝင်လိုက်ရလို့ပါ....မဟုတ်ရင်ကစားပါလိမ့်ဦးမယ်...
အဲလိုသာဖြစ်ခဲ့ရင်ဆယ်တန်းတောင်အောင်လာပါ့မလားမသိဘူးပဲ...:D
အဲ.... အပိုင်းနှစ်ကနည်းနည်းရှည်သွားသလားလို့.... :P ဒီမှာတင်နားလိုက်မယ်နော်...


ငယ်ဘ၀အမှတ်တရ(၁)

ငယ်ဘ၀ အမှတ်တရတွေပြောရရင်တော့... ပြောမဆုံးပေါင်တောသုံးတောင်ပေါ့နော်...
သူငယ်ချင်းတွေဘယ်လိုရတယ်ဆိုတာက စပြီးပြောမယ်လေ...

အိမ်ရှေ့မှာ မူလတန်းကျောင်းတစ်ကျောင်းရှိတယ်... သူငယ်ချင်းတွေနဲ့စတွေ့တာ အဲကျောင်းလေးမှာပေါ့...သူငယ်တန်းတက်တက်ချင်းတုန်းက မိန်းကလေးသူငယ်ချင်း နှစ်ယောက်ရှိတယ်လေ.. သန့်သန့်နဲ့ ဇူးဇူးတဲ့... စာတော်တဲ့သူငယ်ချင်းလေးတွေပေါ့....း) စာရရင်လည်း ဒီသုံးယောက်... အရိုက်ခံရလည်း ဒီသုံးယောက် တစ်တွဲတွဲနဲ့ သိပ်ချစ်ကြတာ...
ရှိသေးတယ်...ဌေးဌေး၊ပိစိမ၊ဖိုးတရုတ်၊တူးတူး၊ဆက်နောင်၊
သားပု၊ထက်ဝေယံ၊နိုင်ရဲကို...တို့ပေါ့နော်.... စကားမစပ် သူငယ်တန်းတုန်းက အမှတ်တရဖြစ်ရပ်လေးအရင်ပြောမယ်နော်... တစ်ရက်ပေါ့... အတန်းပိုင်ဆရာမက.. " အခန်းအပြင်ကမြက်တွေနှုတ်ကြမယ် အပြင်ထွက်ကြ.. " လို့ပြောလာရော....
အဲတော့ထွက်ကြတာပေါ့... အပြင်ရောက်တော့ အဆောင်ပတ်ပတ်လည်က မြက်တွေနှုတ်ခိုင်းရော...
နေ့ပြောနောက်ကြည့်..ညပြောအောက်ကြည့်ဆိုတာ အဲဒါမှတကယ်မှန်တာ... ကိုယ်ကလည်း နဂိုကတည်းက ရှေ့နောက်သိပ်ကြည့်တတ်တာမဟုတ်ဘူး....ငယ်ကလည်းငယ်သေးတယ်ဆိုတော့... သူငယ်ချင်းအချင်းချင်းမြက်နှုတ်ရင်းပြောလိုက်တာပေါ့... " ငါတို့ချည်းပဲမြက်နှုတ်နေရတာ... ဆရာမတွေကျတော့ ဘာမှလည်းမလုပ်ကြဘူး... မတ်တပ်ရပ်ပြီးလျှောက်သွားနေတယ် " လို့ ဘေးကသူငယ်ချင်းကိုပြောလိုက်တာ... ဟီးဟီး :D နောက်က အသံတစ်ခုထွက်လာရော...."ဟေ့ကောင်မလေး...ဘာတွေပြောနေတာလဲ " တဲ့..လှည့်ကြည့်လိုက်တော့ ဆရာမကြီး... အဟီး :P ... ဗြောင်ငြင်းတာပေါ့..ဘယ်ရမလဲ... "ဘာမှမဟုတ်ဘူးဆရာမ"လို့ပြောပြီးရယ်နေလိုက်တယ်.. :P... (အဲဒီဆရာမက သူငယ်တန်းတုန်းက စာသင်ပြတဲ့ဆရာမပါ... လက်ဦးဆရာ လို့ဆိုနိုင်တာပေါ့.. )
ဒီလိုပဲပေါ့.... ဟိုလုပ်ဒီလုပ် ဟိုပါ ဒီပါ ဟိုစပ်စပ် ဒီစပ်စပ် နဲ့ နှစ်တန်းရောက်သွားပါလေရော...
ကျောင်းသားအသစ်တစ်ယောက်ရောက်လာတယ်... သူငယ်ချင်းအသစ်တိုးတာပေါ့... ဖိုင့်ဖိုင့်တဲ့... သူက မြစ်သားက ပြောင်းလာတာ...သူရောက်လာပြီးနောက်တစ်နှစ် သုံးတန်းနှစ်လည်းကျရော... မိန်းကလေးသူငယ်ချင်းအသစ်တစ်ယောက်ရောက်လာပါပြန်ရော..... ထွေးနန္ဒာအောင်တဲ့... သိပ်ခင်ဖို့ကောင်းတယ်... ရန်ကုန်သူလေ...
ကဲ..... လူလည်းတဖြေးဖြေးနဲ့စုံလာပြီ...လေးတန်းလည်းရောက်ပြီနော်... ကစားဖော်တွေတိုးလာပြီပေါ့... ဘာတမ်းကစားသလဲဆိုတော့... ကြိုးခုန်တမ်းကစားကြတယ်.. ထုပ်ဆီးတိုးတမ်းကစားကြတယ်.. ပြီးတော့ အထုပ်ပေါက်တမ်း..ကစားတယ်... ယောက်ျားလေးတွေများ ကိုယ့်အကန့်နဲ့ကိုယ်မနေကြဘူး..ဟိုပါဒီပါတွေ... မြင်ကတ်ဖို့ကောင်းတယ်...
မိန်းကလေးတွေကလည်း သိပ်ချစ်ကြတာ... တစ်ရက်ကိုနှစ်ခါလောက်ရန်ဖြစ်ကြတယ်... သိတယ်မှတ်လား..ငယ်ငယ်တုန်းကပေါကြတာလေ....ကိုယ်တို့အတန်းက သစ်သားထိုင်ခုံရှည်တစ်ခုံမှာ လေးယောက်ထိုင်ရတယ်...ဒီဘက်ဘေးဆုံးက ကိုယ်၊ထွေးနန္ဒာအောင်၊ဇူးဇူးနဲ့သန့်သန့်...အဲလိုထိုင်တာ..
တစ်ခါရန်ဖြစ်ရင် နှစ်ယောက်တစ်ဖက်လေ... ကိုယ်တို့ဘေးဘက်ကနှစ်ယောက်ကသက်သက် သန့်သန့်တို့ နှစ်ယောက်ကသက်သက်.... အလယ်ကထိုင်ခုံကိုရော....စားပွဲခုံကိုရော မြေဖြူနဲ့တားပြီး မကျော်ကြေးလေ...စိတ်ကောက်ကြတာ.. ပြီးတော့ဟုတ်တာလည်းမဟုတ်ဘူး... မနက်ရန်ဖြစ်ရင်နေ့လည်ပြန်ခေါ်...
နေ့လည်ရန်ဖြစ်ရင်ညနေပြန်ခေါ်...

ညနေရန်ဖြစ်ရင်နက်ဖြန်ပြန်ခေါ်နဲ့...သံသရာလည်နေတာ...... နေနိုင်ကြတာလည်းမဟုတ်ဘူး... ခုံမှာဆိုလည်း မြေဖြူတွေဗလပွ..ဟီး:Pပြီးတော့ကိုယ်တို့သူငယ်ချင်းတွေမှာကောင်းတဲ့အကျင့်တစ်ခုရှိတယ်....ကိုယ်နဲ့ပေါင်းတဲ့
သူငယ်ချင်းတွေကအချမ်းသာကြီးတွေမဟုတ်ဘူး...ကိုယ်နေတာကိုကလည်းရွာမှာဆိုတော့...
သိပ်မရှိကြဘူးလေ...ကိုယ်လည်းမရှိပါဘူး...မုန့်ဖိုးရရင်ဝေမျှစားကြတယ်...သူငယ်ချင်းတစ်ယောက
်မုန့်ဖိုးမပါရင်...ကိုယ့်မှာလည်းပိုက်ဆံပိုရင်ဝယ်ကျွေးလိုက်ကြတယ်...ပိုက်ဆံမပိုရင် ကိုယ်နဲ့အတူတူမျှစားကြတာပေါ့...ငယ်ငယ်ကအချိန်တွေတကယ်လွမ်းဖို့ကောင်းတယ်... ကဲ....ဒီနေ့တော့ လေးတန်းမှာပဲ အဆုံးသတ်ထားမယ်နော်... နောက်ရက်ဆက်ရန်ပေါ့....